အစဦးတွင်...
အာဒံနှင့်ဧဝ
သမ္မာကျမ်းစာရဲ့ ပထမစာအုပ်အမည် ကမ္ဘာဦးကျမ်း ဟာ လောကရဲ့အစ ကို ဆိုလိုပါတယ်။ ကမ္ဘာဦးကျမ်း ရဲ့ အခန်းကြီး ပထမနှစ်ခန်းဟာ ဘုရားသခင်က ကြယ်တွေ၊ ကမ္ဘာမြေ၊ အခြားဂြိုလ်တွေနဲ့ အသက်ရှင်လျက်ရှိတဲ့ ဒါမှမဟုတ် တစ်ချိန်က အသက်ရှင်ခဲ့တဲ့ သတ္တဝါအားလုံး ပါဝင်တဲ့ စကြဝဠာကို ဖန်ဆင်းခဲ့ကြောင်း ပြောပြပါတယ်။ ဘုရားသခင်ရဲ့ အထူးခြားဆုံး ဖန်းဆင်းမှုက လူသားမျိုးနွယ်တွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေကို ဘုရားသခင်ရဲ့ ကိုယ်ပိုင်ပုံသဏ္ဍာန်အတိုင်း ဖန်ဆင်းခဲ့လို့ဖြစ်ပါတယ်။ (ကမ္ဘာဦးကျမ်း ၁:၂၆-၂၇ ကို ကြည့်ပါ)
ကမ္ဘာဦးကျမ်းရဲ့ တတိယအခန်းကြီးမှာ အပြစ်တရားက ဒီလောကထဲ ဝင်ရောက်လာပုံအကြောင်း ပြောပြပါတယ်။ ပထမဆုံး လူယောက်ျားနဲ့ လူမိန်းမဖြစ်တဲ့ အာဒံနှင့်ဧဝတို့ဟာ ဘုရားသခင်က သူတို့ကို လိမ်ညာခဲ့တယ်လို့ ယုံကြည်အောင် သွေးဆောင်ခံခဲ့ရပါတယ်။ ဒီလိမ်ညာမှုကို ယုံကြည်တဲ့အခါ သူတို့ဟာ ဘုရားသခင်လို အမှန်တကယ် ဖြစ်လာနိုင်တယ်လို့ နားချခံခဲ့ရပါတယ်။ သူတို့က နာခံမှုမရှိတာကို ဘုရားသခင်မြင်တဲ့အခါ အာဒံနှင့်ဧဝတို့မှာ ဘုရားသခင်နဲ့ အရင်ကရှိခဲ့ဖူးတဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေးမျိုး မရှိတော့ပါဘူး။ အပြစ်တရားက သူတို့ကို ဘုရားသခင်နှင့် ဝေးကွာစေခဲ့ပါတယ်။ အဲ့အချိန်ကနေစပြီး လူတစ်ယောက်ကလွဲလို့ ကျန်အသက်ရှင်နေထိုင်ခဲ့သူအားလုံးဟာ အပြစ်တရားကြောင့် ဘုရားသခင်နှင့် ကင်းကွာခဲ့ကြပါတယ်။
ဘုရားသခင်ဟာ သူ့ရဲ့ အပြစ်ကျူးလွန်နိုင်တဲ့ ဖန်ဆင်းမှုကို စိတ်တိုင်းမကျဖြစ်နေချိန်မှာ သခင့်ခံယူချက်တွေအတိုင်း အသက်ရှင်နေထိုင်တဲ့ နောဧကို တွေ့ရှိခဲ့ပါတယ်။ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို သုတ်သင်ရှင်းလင်းပြီး နောဧနှင့် သူ့မိသားစုနှင့်အတူ အသစ်တဖန် ပြန်လည်စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကမ္ဘာဦးကျမ်း ရဲ့ အခန်းကြီး ခြောက်ကနေ ရှစ်အထိမှာ ဘုရားသခင်ဟာ လူသားတစ်မျိုးနွယ်လုံးကို ရေလွှမ်းမိုးစေခြင်းဖြင့် သုတ်သင်ခဲ့ပြီး နောဧ၊ သူ့ဇနီး၊ သူ့သားသုံးယောက်နဲ့ သူတို့ဇနီးတွေကိုသာ ကယ်တင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
နောဧ
ကမ္ဘာဦးကျမ်း ရဲ့ အခန်းကြီး ကိုးကနေ တစ်ဆယ့်တစ်အထိမှာ ရေလွှမ်းမိုးပြီးနောက် နောဧရဲ့ သားတွေဖြစ်တဲ့ ရှေမ၊ ဟာမနှင့် ယာဖက်တို့က ကမ္ဘာမြေကြီးကို ပြန်လည်စည်ပင်လာအောင် လုပ်ဆောင်ပုံအကြောင်း ပြောပြပါတယ်။ အခန်းကြီး တစ်ဆယ့်တစ်ရဲ့အဆုံးမှာ ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ဖခင်အဖြစ်၊ သူဖန်ဆင်းထားသူအဖြစ် ပီတိရှိရှိပြောနိုင်တဲ့ အလွန်ထူးခြားတဲ့ လူသားတစ်ယောက်အကြောင်း ကျွန်ုပ်တို့ကို မိတ်ဆက်ပေးပါတယ်။
အာဗြဟံ
ကမ္ဘာဦးကျမ်းမှာ နောဧလိုမျိုး ဘုရားသခင်ရဲ့ ခံယူချက်တွေအတိုင်း "လျှောက်လှမ်းနေထိုင်ကြသူ" အများအပြားအကြောင်း ဖော်ပြထားပါတယ်။ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းဖို့အတွက် ယုံကြည်ခြင်းကို လိုအပ်ပါတယ်၊ ဘုရားသခင်ဟာ သူလုပ်ဆောင်ဖို့ ကတိပေးထားတဲ့အရာကို လုပ်ဆောင်လိမ့်မယ်လို့ သံသယကင်းရှင်းတဲ့ ယုံကြည်ချက်တစ်ခုကို လိုအပ်ပါတယ်။ ဘုရားသခင်ဟာ ကမ္ဘာမြေကြီးပေါ်က သတ္တဝါတွေအားလုံးကို ရေလွှမ်းမိုးခြင်းဖြင့် သုတ်သင်မယ်ဆိုတာကို ယုံကြည်ဖို့နဲ့ သင်္ဘောကြီးတစ်စင်း (လှေကြီးတစ်စင်း) တည်ဆောက်ခိုင်းတဲ့ ဘုရားသခင်ရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ နောဧအတွက် ယုံကြည်ချက် ကြီးကြီးမားမား လိုအပ်ခဲ့ပါတယ်၊ သူသင်္ဘောဆောက်နေချိန်မှာ သူ့နားကလူတွေဟာ သူ့ကို လှောင်ပြောင်ခဲ့ပါတယ်။ ကမ္ဘာဦးကျမ်း တစ်ဆယ့်နှစ်မှာ ဘုရားသခင်ဟာ ကြီးမားတဲ့ ယုံကြည်ချက်လိုအပ်စေတဲ့ အာဗြဟံအမည်ရှိ နောက်လူတစ်ဦးအကြောင်း ကျွန်ုပ်တို့သိရှိပါတယ်။
ဘုရားသခင်ဟာ အာဗြံကို များစွာတောင်းဆိုခဲ့ပါတယ် (ဘုရားသခင်က နောက်ပိုင်းမှာ သူ့နာမည်ကို အာဗြဟံအဖြစ် ပြောင်းခဲ့ပါတယ်)၊ အာဗြဟံကို သူ့မွေးရပ်မြေကနေ ထွက်ခွာပြီး သူသိတဲ့သူ ဘယ်သူမှမရှိတဲ့ အရပ်ကို ပြောင်းရွှေ့နေထိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။ သူ့နာခံမှုအတွက် ဘုရားသခင်ဟာ အာဗြဟံကို ကတိနှစ်ခု ပေးခဲ့ပါတယ်-
- အာဗြဟံနှင့် သူ့သားစဉ်မြေးဆက်တို့ကို ခါနာန်ပြည် (ယနေ့ခေတ် အစ္စရေး) ကို ပေးတော်မူမည်ဖြစ်ကြောင်း။
- 2 အာဗြဟံရဲ့ သားစဉ်မြေးဆက်လက်ထက်မှာ ကြီးမြတ်တဲ့ နိုင်ငံတော်တစ်ခု ဖြစ်လာမှာဖြစ်ကြောင်း။
အာဗြဟံရဲ့စိတ်ထဲမှာ ဒီကတိနှစ်ခုစလုံးက ယုံရခက်ခဲ့မှာ အသေအချာပါပဲ။ အဲ့အချိန်က ခါနာန်ပြည်ကို တခြားလူမျိုးစုများစွာက ကိုင်ဆိုင်ကြပြီး အာဗြဟံနှင့် သူ့ဇနီးမှာ သားသမီးမရှိပါဘူး။ အာဗြဟံရဲ့ဇနီး စာရာ ဟာလည်း သားသမီးယူဖို့ အသက်အရမ်းကြီးနေပြီဖြစ်ပါတယ်။ ဒီလိုဖြစ်လျက်တောင် အာဗြဟံမှာ ယုံကြည်မှုရှိခဲ့ပြီး သူနှင့် အိမ်သူအိမ်သားအပေါင်းတို့ဟာ ခါနာန်ပြည်ကို ထွက်ခွာခဲ့ကြပါတယ်။
ကမ္ဘာဦးကျမ်း ရဲ့ အခန်းကြီး ၁၂-၂၃ မှာ အာဗြဟံရဲ့ဇာတ်ကြောင်းကို ဖတ်တဲ့အခါ အာဗြဟံရဲ့ ယုံကြည်မှုက မပြီးပြည့်စုံကြောင်းကို တွေ့ရပါလိမ့်မယ်– သူဟာ တစ်ခါတလေမှာ ဘုရားသခင်ရဲ့ အမိန့်ကို စောင့်ဆိုင်းမယ့်အစား “ကိုယ့်သဘောအတိုင်း လုပ်ဆောင်ခဲ့ပါတယ်။" ကမ္ဘာဦးကျမ်း ၁၅:၆ မှာ “အာဗြံသည် ထာဝရဘုရားကို ယုံကြည်သည် ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။" လို့ ရေးထားပါတယ်။
လွယ်ကူမှုမရှိရင်တောင်၊ လျှောက်ရမယ့်လမ်းကို မမြင်ရရင်တောင် ဘုရားသခင်က ကျွန်ုပ်တို့ကို သူ့အပေါ် ယုံကြည်မှုရှိဖို့ တောင်းဆိုပါတယ်။
ဘုရားသခင် ကတိပေးထားတဲ့အတိုင်း စာရာဟာ သားတစ်ယောက် မွေးခဲ့ပါတယ်။ အာဗြဟံနဲ့ သူမဟာ သားလေးကို ဣဇာက်လို့ အမည်ပေးခဲ့ပါတယ်။ စာရာဟာ အသက်ကြီးနေပြီဖြစ်သည့်တိုင် ကလေးမွေးဖွားနိုင်တဲ့အတွက် ဝမ်းမြောက်ခဲ့ပါတယ်။
ဣဇာက်ကြီးပြင်းလာပြီး အိမ်ထောင်ပြုတဲ့အခါမှာ ယာကုပ်နှင့် ဧသော အမည်ရှိ သားနှစ်ယောက် ထွန်းကားခဲ့ပါတယ်။ (ကမ္ဘာဦးကျမ်း ၂၅:၁၉ - ကမ္ဘာဦးကျမ်း ၃၀) ယာကုပ်မှာ သားဆယ့်နှစ်ယောက်ရှိခဲ့ပါတယ် (ကမ္ဘာဦးကျမ်း ၃၅:၂၃-၂၆ မှာ
သူတို့ရဲ့အမည်စာရင်းကို တွေ့နိုင်ပါတယ်)။ သူတို့အမည်တွေဟာ နောင်မှာ ဣသရေလ ဆယ့်နှစ်နွယ်ရဲ့အမည်တွေ ဖြစ်လာပါလိမ့်မယ်။ (ဘုရားသခင်ဟာ ယာကုပ်ရဲ့အမည်ကို ဣသရေလဟု ပြောင်းခဲ့ပါတယ် - ကမ္ဘာဦးကျမ်း ၃၅:၁၀။) ဒီသားဆယ့်နှစ်ယောက်ကနေတစ်ဆင့် ဘုရားသခင်ဟာ အာဗြဟံကို သူ့ကတိတော်ဖြစ်တဲ့ ကြီးမြတ်တဲ့ နိုင်ငံတော်တစ်ခု တည်ထောင်ဖို့ကို တည်စေခဲ့ပါတယ်။
မောရှေ
ယာကုပ်ရဲ့ သားတစ်ယောက်ဖြစ်တဲ့ ယောသပ်ဟာ အဲဂုတ္တုပြည်ဆီ သွားပြီး ဖာရောဘုရင်ရဲ့ နန်းတော်မှာ အရာရှိကြီးတစ်ဦးဖြစ်လာခဲ့ပါတယ် (ကမ္ဘာဦးကျမ်း ၃၇-၅၀ မှာ ဒီအကြောင်းကို ဖတ်ရှုနိုင်ပါတယ်၊ ဇာတ်လမ်းရှည်ပေမဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်)။ နောက်ဆုံးမှာ ယောသပ်ရဲ့ ညီတော် ၁၁ ပါးလုံးဟာ အဲဂုတ္တုပြည်ကို ပြောင်းရွှေ့နေထိုင်သွားကြပါတယ်။ ယောသပ် အသက်ရှင်နေသမျှကာလပတ်လုံး ဖာရောဘုရင်နဲ့ ခင်မင်ရင်းနှီးမှုကြောင့် သူ့မိသားစုဟာ ကောင်းကောင်းနေခဲ့ရပါတယ်။
ယောသပ်သေဆုံးပြီးနောက်မှာ နောက်မျိုးဆက်တွေ မွေးဖွားလာခဲ့ပြီး ဖာရောဘုရင်အသစ် တက်လာခဲ့ပါတယ်၊ ဘုရင်အသစ်ဟာ ယောသပ်ကို တော်ဝင်မိသားစုက မျက်နှာသာပေးထားကြောင်း မသိပါဘူး။ ဂျူးလူမျိုး (ဣသရေလလူမျိုးတွေကို ဂျူးတွေ ဒါမှမဟုတ် ဂျူးလူမျိုးတွေလို့လည်း ခေါ်ကြပါတယ်) အရေအတွက်ဟာ သူ့တိုင်းပြည်မှာ အလွန်များပြားလာကြောင်း ဖာရောဘုရင်အသစ်က သိမြင်ခဲ့ပါတယ်။ ဣသရေလလူမျိုးတွေ သူ့အစိုးရကို သိမ်းပိုက်လာမှာကို ကြောက်တဲ့အတွက် အဲဂုတ္တုပြည်က ဣသရေလ(ဂျူး) လူမျိုးတွေအားလုံးကို ကျွန်ခံစေခဲ့ပါတယ်။
ထွက်မြောက်ရာကျမ်း ၂:၂၃ မှာ ဣသရေလလူမျိုးတွေဟာ အဲဂုတ္တုပြည်ရဲ့ ကျွန်တွေအဖြစ် အကြီးအကျယ် ဒုက္ခခံစားခဲ့ရကြောင်း သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။ သူတို့ကို ကယ်တင်ဖို့ ဘုရားသခင်ကို အော်ဟစ်တောင်းဆိုကြသံကို ဘုရားသခင် ကြားသိခဲ့ပါတယ်။ ဣသရေလလူမျိုးတွေကို ကျွန်ခံခြင်းကနေ ကယ်တင်ဖို့အတွက် ဂျူးလူများတွေထဲက လူတစ်ဦးကို ရွေးချယ်ခဲ့ပါတယ်။ အဲ့လူနာမည်ကတော့ မောရှေဖြစ်ပါတယ်။
ဘုရားသခင်ရဲ့အမိန့်ကို နာခံတဲ့ အာဗြဟံလိုမဟုတ်ဘဲ မောရှေက သခင့်ကို အစပိုင်းမှာ တခြားသူကို အသုံးပြုဖို့ ပြောခဲ့ပါတယ်။ (ထွက်မြောက်ရာကျမ်း ၄:၁-၁၄) ဖာရောဘုရင်ကို ဂျူးလူမျိုးကျွန်တွေကို လွတ်လပ်ခွင့်ပေးဖို့ အမှန်တကယ် အတင်းအကြပ်ခိုင်းစေမယ့်သူက မောရှေမဟုတ်ဘဲ ဘုရားသခင်ကိုယ်တိုင်ဖြစ်ကြောင်းကို ဘုရားသခင်က မောရှေကို ပြသခဲ့ပါတယ်။ မောရှေက ဘုရားသခင်ရဲ့ သတင်းစကား စေပါးသူမျှသာ ဖြစ်ပါတယ်။
အဲဂုတ္တုပြည်က လူတွေဟာ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ ကိုးကွယ်တဲ့ ဘုရားသခင်မဟုတ်ဘဲ နတ်ဘုရားများစွာကို ကိုးကွယ်ကြပါတယ်။ မောရှေက သူ့ဖာရောဘုရင်နဲ့ ပထမကြိမ် တွေ့ဆုံတဲ့အခါ (ထွက်မြောက်ရာကျမ်း ၅) ဖာရောဘုရင်က “ငါနာခံရမည်ဆိုသည့် ထာဝရဘုရားကား အဘယ်သူနည်း" လို့ ကြိမ်းမောင်းခဲ့ပါတယ်။
မောရှေဟာ ဣသရေလကျွန်တွေကို လွှတ်ပေးဖို့ ဒုတိယအကြိမ် တောင်းဆိုချက်နဲ့အတူ ဖာရောဘုရင်ထံ ပြန်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာ မောရှေဟာ ဘုရားသခင်ထံက သတိပေးချက်တစ်ခုကို အသိပေးခဲ့ပါတယ်- ဖာရောဘုရင်က ဣသရေလလူမျိုးတွေကို လွတ်မြောက်ခွင့်ပေးဖို့ သဘောမတူဘူးဆိုရင် ဘုရားသခင်က အဲဂုတ္တုပြည်ကို ပျက်စီးနွမ်းပါးမှုကပ်ဘေး၊ အနာရောဂါကျရောက်မှုကပ်ဘေးနှင့် အမှောင်အမိုက်ကျရောက်မှုကပ်ဘေးတွေ အပါအဝင်
ကပ်ဆိုးကြီးကိုးခု ဆက်တိုက် ကျရောက်စေမယ်ဆိုပြီးဖြစ်ပါတယ်။ အံ့ဩစရာကတော့ ဒီကပ်ဆိုးကြီးတွေရဲ့ ကြောက်မက်ဖွယ်ဆိုးကျိုးတွေကို ကြုံတွေ့ရပြီးနောက်မှာတောင် ဖာရောဘုရင်ဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်ကို ယုံကြည်ဖို့ ငြင်းဆိုဆဲဖြစ်ပြီး ဣသရေလလူမျိုးတွေကို မလွှတ်ပေးခဲ့သေးပါဘူး။ (ထွက်မြောက်ရာကျမ်း ၇:၁၅ -ထွက်မြောက်ရာကျမ်း ၁၁)
ဆယ်ကြိမ်မြောက်ကပ်ဘေး (ထွက်မြောက်ရာကျမ်း ၁၂) ပြီးမှသာ ဖာရောဘုရင်ဟာ အဲဂုတ္တုပြည်ရဲ့ ကျေးကျွန်တွေကို လွှတ်ပေးဖို့ နောက်ဆုံးသဘောတူခဲ့ပါတယ်။ အဲဂုတ္တုပြည်က အိမ်ထောင်စုတိုင်းရဲ့ သားဦးတိုင်း အသတ်ခံရတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ ဣသရေလလူမျိုးတွေရဲ့ သားဦးတွေကို ကယ်တင်ပေးခဲ့ပါတယ်။ သိုးသငယ်ကို ယဇ်ပူဇော်ပြီး သူတို့အိမ်တံခါးတွေအပေါ်မှာ သွေးကို သုတ်လိမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။ သေမင်းတမန်က သားဦးတွေကို သတ်ဖို့ ကြွလာတဲ့အခါ သိုးသငယ်ရဲ့ သွေးကို တံခါးတွေအပေါ် သုတ်လိမ်းဖို့ ဘုရားသခင်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာတဲ့ ဣသရေလလူမျိုးအားလုံးရဲ့အိမ်တွေကို “ကျော်” သွားခဲ့ပါတယ်။
ယနေ့တိုင်အောင် ဣသရေလလူမျိုးတွေဟာ ကျေးကျွန်ဘဝကနေ လွတ်မြောက်အောင် သူတို့ကို ကူညီပေးခဲ့တဲ့ အံ့ဖွယ်အမှုကို အထိမ်းအမှတ်ပြုဖို့ နှစ်စဉ် ပသခါပွဲကို ကျင်းပကြပါတယ်။
မောရှေရဲ့ ဦးဆောင်မှုအောက်မှာ ဣသရေလလူမျိုးတွေဟာ အဲဂုတ္တုပြည်ကနေ ထွက်ခွာလာခဲ့ကြပါတယ်။ အဲဂုတ္တုပြည်မှာ ဘုရားသခင်ရဲ့တန်ခိုးအောက် ဖြစ်ပျက်ခဲ့သမျှအရာတွေကို မထောက်ထားဘဲ ဖာရောဘုရင်ဟာ ဣသရေလလူမျိုးတွေကို ကျွန်ခံခိုင်းဖို့ နောက်ဆုံးအကြိမ် ကြိုးစားခဲ့ပါတယ်။
အဲဂုတ္တုစစ်တပ်ဟာ ဣသရေလလူမျိုးတို့ကို ရေနဲ့ပိတ်ပြီး လွတ်လမ်းမဲ့စေခဲ့ပြီဟု ထင်ပြီး ပင်လယ်နီဆီ လိုက်ဖမ်းခဲ့ပါတယ် (ထွက်မြောက်ရာကျမ်း ၁၄)။ ဣသရေလလူမျိုးတို့ ထိတ်လန့်စပြုလာပေမဲ့ ဘုရားသခင်ကို ယုံကြည်ဖို့ မောရှေက တိုက်တွန်းခဲ့ပါတယ်။ ဘုရားသခင်က မောရှေကို သူ့လမ်းလျှောက်တုတ်ကို ရေနားမှာ မြှောက်ကိုင်ဖို့ အမိန့်ပေးခဲ့ပါတယ်။ အံ့အားသင့်စရာကတော့ ပင်လယ်နီက ရေတွေဟာ နှစ်ခြမ်းကွဲသွားပြီး တခြားတစ်ဖက်ကို ဖြတ်လျှောက်နိုင်အောင်လို့ ကုန်းလမ်းကြောင်းတစ်ခု ဖန်တီးပေးခဲ့ပါတယ်။ ဖာရောဘုရင်ရဲ့စစ်တပ်ဟာ ဒီတစ်လမ်းတည်းကနေ ဖြတ်ဖို့ ကြိုးစားတဲ့အခါ ပင်လယ်ရေဟာ နှစ်ခြမ်းကွဲရာကနေ ပြန်စုပြီး စစ်သားအားလုံးကို နစ်မြှုပ်သွားစေခဲ့ပါတယ်။ နောက်ဆုံးမှာ ဣသရေလလူမျိုးတို့ဟာ အဲဂုတ္တုပြည်ကနေ ထွက်ခွာနိုင်ခဲ့ပြီး ကျွန်ခံခြင်းကနေ လွတ်မြောက်ခဲ့ကြပါတယ်။
ဘုရားသခင်က မောရှေကို ပထမအကြိမ်ခေါ်ဆိုတုန်းက မိန့်တော်မူခဲ့တဲ့အတိုင်း အလုံးစုံသော အရာတို့ကို ဖြစ်မြောက်စေတာဟာ ဘုရားသခင်ရဲ့ တန်ခိုးကြီးတဲ့ လက်တော်ဖြစ်ပါတယ်။
ပညတ်တော်ဆယ်ပါး
ရေလွှမ်းမိုးမှုဘေးကြီး ဇာတ်လမ်းမှာ ကျွန်ုပ်တို့တွေ့ခဲ့ရတဲ့အတိုင်း ဘုရားသခင်ဟာ သူ့ပညတ်တွေကို လူတွေဆီ မပေးရသေးပါဘူး။ အာဗြဟံနှင့် သူ့သားစဉ်မြေးဆက်တို့ထံ ဘုရားသခင်ကတိပေးထားတော်မူတဲ့ တိုင်းပြည်ဆီ ဣသရေလလူမျိုးတို့ ခရီးစထွက်တဲ့အခါ သိနာတောင်ထိပ်ပေါ်တက်ဖို့ မောရှေကို ဘုရားသခင် ညွှန်ကြားခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ဘုန်းတော်လွှမ်းမိုးခြင်းကနေ လူတွေကို အကာအကွယ်ပေးဖို့ မီးခိုးတွေ ဖုံးလွှမ်းနေတဲ့ တောင်ပေါ်မှာ မောရှေဟာ ဘုရားသခင်ရဲ့ လူတွေအတွက် သူ့ပညတ်တော်တွေကို လက်ခံရရှိခဲ့ပါတယ် (ထွက်မြောက်ရာကျမ်း ၂၀း၁-၁၇)။
ဣသရေလလူမျိုးတွေဟာ အဲဂုတ္တုပြည်မှာ ကျွန်ခံရခြင်း မရှိတော့တဲ့အတွက် သူတို့ဒုက္ခအားလုံး ပြီးဆုံးသွားပြီလို့ မဆိုလိုပါဘူး။ ဘုရားသခင်ကတိပြုထားတဲ့ တိုင်းပြည်ဆီ သူတို့သွားတဲ့ ခရီးဇာတ်လမ်းဟာ နှစ်လေးဆယ်ကြာတဲ့ကာလမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြပါတယ်။
လလူမျိုးတွေရဲ့ ယုံကြည်ခြင်းက အားနည်းခဲ့ပါတယ်။ သူတို့အတွက် ဘုရားသခင်က ဖြည့်ဆည်းပေးမယ်ဆိုတာကို မကြာခဏ သူတို့သံသယဝင်ကြပါတယ်။ သူတို့က တစ်ခါတရံမှာ အလွန်စိတ်ဓာတ်ကျပြီး အဲဂုတ္တုပြည်ပြန်ဖို့တောင် အမှန်တကယ် ပြောခဲ့ကြပါတယ်။ အဆိုးဆုံးကတော့ ဘုရားသခင်ကို သူတို့ အရမ်းသံသယဝင်တာကြောင့် ကိုးကွယ်ဖို့ ရုပ်တုတွေကိုတောင် ဖန်တီးခဲ့ကြပါတယ်။
မောရှေသေဆုံးမှုအကြောင်းကို တရားဟောရာအခန်းကြီး ၃၄ မှာ မှတ်တမ်းတင်ထားပါတယ်။ တရားဟောရာကျမ်းမှာ ဘုရားသခင်က သိနာတောင်မှာ သူ့လူတွေဆီ ပေးခဲ့တဲ့ ပညတ်တွေကို အကျယ်တဝံ့ သူဖော်ပြထားပါတယ်။ ဣသရေလလူမျိုးအချင်းချင်းကြားမှာ ဘယ်လိုကျင့်ကြံပြုမူရမယ့်ပုံစံနှင့် ဘုရားသခင်ကို ဘယ်လိုကိုးကွယ်ရမယ်ဆိုတာကို ဖော်ပြထားပါတယ်။