သခင်ယေရှု၏ နောက်လိုက်များသည် သတင်းကောင်းကို ဖြန့်ဝေကြသည်

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ဆောင်

သခင်ယေရှုဟာ ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တော်တွေထံ ကိုယ်ထင်ပြခဲ့တဲ့ ရက်လေးဆယ်အတွင်းမှာ သူတို့ကို ကတိပေးထားတဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လက်ဆောင်ကို မရခင်အထိ ယေရုရှလင်မြို့ကနေ ထွက်မသွားကြဖို့ မှာကြားခဲ့ပါတယ်။ (ရှင်ယောဟန်ခရစ်ဝင် ၁၄:၁၆) တမန်တော်၀တ္ထု ရဲ့ ဒုတိယအခန်းကြီးမှာ သူမှာကြားတဲ့အတိုင်း လုပ်ဆောင်နေတဲ့ ယေရှုရဲ့ နောက်လိုက်တွေရဲ့ ဇာတ်လမ်းအကြောင်း ကျွန်ုပ်တို့ဖတ်ရပါတယ်– သူတို့ အတူစုဝေးနေစဉ်မှာ သူတို့ရောက်နေတဲ့အိမ်ကို လေပြင်းဖြတ်တိုက်လိုက်သလိုမျိုး ကျယ်လောင်တဲ့ ဟိန်းသံကြီးတစ်ခုကို ရုတ်တရက်ဆိုသလို သူတို့ကြားခဲ့ရပါတယ်။ သူတို့တစ်ယောက်စီမှာ မီးတောက်လိုလို တောက်လောင်နေတာကို မြင်လိုက်ရပါတယ်။ အဲ့အချိန်မှာ သူတို့အားလုံးဟာ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်၀သွားခဲ့ပါတယ်။

ဝိညာဉ်တော်နှင့် ပြည့်၀မှုကြောင့် သူတို့အားလုံးကို တခြားဘာသာစကားတွေကို စတင်ပြောဆိုခဲ့ပါတယ်။ (တမန်တော်၀တ္ထု ၂:၄)

ဖြစ်ချင်တော့ ယေရှုနောက်လိုက်တွေဟာ ဒီနည်းနဲ့ ဝိညာဉ်တော်နဲ့ ပြည့်၀ခဲ့တဲ့အချိန်မှာ ဣသရေလပြည်အနီးနားမှာရှိတဲ့ နိုင်ငံတွေက ထောင်နှင့်ချီတဲ့လူတွေဟာ ဂျူးလူမျိုးတွေကျင်းပတဲ့ စားပွဲကြီးတစ်ခုကို တက်ရောက်ဖို့အတွက် ယေရုရှလင်မြို့ကို ရောက်နေကြပါတယ်။ (တမန်တော်၀တ္ထု ၂:၈-၁၁ မှာ ဒီနိုင်ငံတွေရဲ့ စာရင်းကို သင်ဖတ်နိုင်ပါတယ်။) အံ့ဖွယ်ကောင်းတာကတော့ ဒီဧည့်သည်တစ်ဦးစီဟာ ယေရှုခရစ်တော်ကနေတစ်ဆင့် ကယ်တင်ခံရမယ့် သတင်းကောင်းကို ယေရှုနောက်လိုက်တွေ ပြောနေတာကို သူတို့ရဲ့မိခင်ဘာသာစကားနဲ့ ကြားခဲ့ရပါတယ်။

တပည့်တော်ပေတရုက အပြစ်မရှိဘဲ ကားစင်တင်ခံခဲ့ရတဲ့ ယေရှုဟာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ပုံအကြောင်း အထူးလှုံ့ဆော်နိုင်စွမ်းရှိသည့် မိန့်ခွန်းတစ်ခု ပြောခဲ့ပါတယ်။ ကယ်တင်ခြင်းဟာ သခင်ယေရှုကနေတစ်ဆင့် လာမှာဖြစ်ကြောင်း လူစုလူဝေးကို ပြောခဲ့ပါတယ်။ လူအများအပြားက ပေတရုပြောခဲ့တဲ့ စကားတွေကြောင့် လှုံ့ဆော်ခံရပြီး လူပေါင်း ၃,၀၀၀ ကျော်က အဲ့နေ့မှာ ယေရှုကို မေရှိယအဖြစ်၊ သူတို့ရဲ့ ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ကြပါတယ်။

အဲ့နေ့ဟာ သခင်ယေရှုကို ယုံကြည်သူတွေ အသင်းတော်ရဲ့ အစဖြစ်ပါတယ်၊ ဒီယုံကြည်သူအသစ်တွေအားလုံး ကိုယ့်ဇာတိနိုင်ငံပြန်သွားပြီး သူ့မိတ်ဆွေတွေနှင့် မိသားစုဝင်တွေအားလုံးကို သခင်ယေရှုကနေတစ်ဆင့် ကယ်တင်ခံရမယ့်အကြောင်း ပြောပြမှာဖြစ်ပါတယ်။ “လမ်းစဉ် (The Way)”လို့ ပထမဆုံး အမည်ပေးခဲ့တဲ့ အသင်းတော်ရဲ့ နောက်လိုက်အရေအတွက်ဟာ ဒီခေတ်မှာ အရှေ့အလယ်ပိုင်းနှင့် မြေထဲပင်လယ် ဥရောပလို့ခေါ်တဲ့ နေရာအနှံ့ အလျင်အမြန် စတင်တိုးပွားလာပါတယ်။ တမန်တော်ဝတ္ထု ဟာ ယေရှုနောက်လိုက်တွေက ကယ်တင်ခြင်းသတင်းကောင်းကို ဘယ်လိုဖြန့်ဝေပုံအကြောင်း ဇာတ်လမ်းဖြစ်ပါတယ်။

ဘာသာကူးပြောင်းမှုနှင့် နှိပ်စက်ညှဉ်းပန်းမှု

ယေရုရှလင်မြို့မှာ တပည့်တော်တွေ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝခဲ့တာဖြစ်ပြီး ယေရုရှလင်မြို့ဆိုတာ သခင်ယေရှုအကြောင်း ဟောပြောတာကို အစက်ဆုပ်ဆုံးမြို့ ဖြစ်ပါတယ်၊ အဲ့မြို့မှာ သခင်ယေရှုကို ကားစင်တင်ခဲ့တာ ဖြစ်ပါတယ်။ ယေရှုကို သတ်ခဲ့တဲ့ ဂျူးခေါင်းဆောင်တွေဟာ အခုအခါ ယေရှုရဲ့ နောက်လိုက်အုပ်စုအသစ်ကို နှိပ်စက်ညှဉ်းပန်းဖို့ အာရုံစိုက်လာခဲ့ပါတယ်။

ယေရှုအကြောင်း သတင်းကောင်းကို တက်တက်ကြွကြွ ဟောပြောသူ စတီဖင်ဟာ ဧဝံဂေလိတရားဟောပြောတာကြောင့် ပထမဆုံးအသတ်ခံရတဲ့ လမ်းစဉ်အသင်းတော်ရဲ့ နောက်လိုက်တစ်ဦးဖြစ်ပါတယ်။ (တမန်တော်၀တ္ထု ၆:၈-၇:၆၀)

အထင်ရှားဆုံးသော ဘာသာကူးပြောင်းမှု

ယေရှုအပေါ် မတရား တရားစီရင်မှုကို ဦးစီးခဲ့တဲ့ ကယာဖနှင့် အခြားယဇ်ပုရောဟိတ်တွေအပြင် ယေရှုရဲ့ နောက်လိုက်အားလုံးကို သုတ်သင်ရှင်းလင်းဖို့ကို သူ့တစ်သက်တာရဲ့ ပန်းတိုင်အဖြစ် ချမှတ်ခဲ့တဲ့ စိတ်ပြင်းပြတဲ့ ဂျူးလူမျိုး နောက်တစ်ယောက် ရှိပါတယ်။ သူ့နာမည်ကတော့ တာရှုမြို့သား ရှောလုဖြစ်ပါတယ်။

ရှောလုဟာ သူရှာတွေ့ထားတဲ့ လမ်းစဉ်အသင်းတော်ကို ယုံကြည်သူတွေကို ဖမ်းဆီးထောင်ချဖို့အတွက် ယေရုရှလင်မြို့က ဗိမာန်တော် ယဇ်ပုရောဟိတ်တွေထံက ခွင့်တောင်းပြီး လုပ်ခွင့်ရခဲ့ပါတယ်။

ရှောလုဟာ ဒမာသက်မြို့က တရားဇရပ်မှာ ယေရှုအပေါ် ယုံကြည်သူတွေကို ရှာဖို့အတွက် ဒမာသက်မြို့ကို သွားနေစဉ်မှာ ကောင်းကင်က တောက်ပတဲ့ အလင်းတန်းတစ်ခု သူ့နားမှာ ထွန်းတောက်ခဲ့ပါတယ်။ သူဟာ မြေကြီးပေါ် လဲကျခဲ့ပြီး "ရှောလု၊ အသင်သည် အဘယ်ကြောင့် ငါ့ကို ညှဉ်းပန်းနှိပ်စက်ရသနည်း" လို့ မေးတဲ့ အသံတစ်သံကို ကြားခဲ့ပါတယ်။ (တမန်တော်၀တ္ထု ၉:၁-၁၉)

"အသင်က ဘယ်သူလဲ" လို့ ရှောလုက ပြန်မေးပါတယ်။ ရှောလုနှင့် စကားပြောနေသူဟာ ယေရှုကိုယ်တော်တိုင် ဖြစ်ပါတယ်။ ယေရှုခရစ်တော်အကြောင်း သတင်းကောင်းကို နယ်မြေအရပ်ရပ်က တပါးအမျိုးသားတွေ (ဂျူးလူမျိုး မဟုတ်သူတိုင်း) ဆီ ဖြန့်ဝေဖို့အတွက် ဘုရားသခင်က ရှောလုကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ (တမန်တော်၀တ္ထု ၉)

ရှောလုဟာ လမ်းစဉ်အသင်းတော်ရဲ့ ယုံကြည်သူတစ်ဦးအဖြစ် ခံယူလိုက်ကြောင်းကို ယေရှုနောက်လိုက် ဂျူးလူမျိုးတွေက ကြားသိတဲ့အခါ မယုံနိုင်ဖြစ်ခဲ့ကြပါတယ်။ သူတို့ကို အဆိုးဆုံး နှိပ်စက်ညှဉ်းပန်းသူ တစ်ဦးအဖြစ်ကနေ သူတို့ထဲက ဟောပြောအကောင်းဆုံး တရားဟောဆရာတွေထဲက တစ်ဦးအဖြစ် ပြောင်းလဲသွားခြင်းဟာ မယုံနိုင်လောက်အောင် ထူးဆန်းလှပါတယ်။ ဂျူးယုံကြည်သူ အများအပြားအတွက် ရှောလုဟာ အမှန်တကယ် ဘာသာကူးပြောင်းသွားပြီဖြစ်ကြောင်း ယုံဖို့ အချိန်အတော်ကြာခဲ့ပါတယ်။ အတိတ်မှာ သူလုပ်ခဲ့တာတွေအတွက် သူ့ကို ကြောက်ရွံ့နေကြဆဲဖြစ်ပါတယ်။

ရှောလုဟာ တပါးအမျိုးသားတွေကို ဟောပြောခြင်းလုပ်ငန်းကို စတင်တဲ့အခါ သူ့ရဲ့ ရောမနာမည်ဖြစ်တဲ့ ပေါလုကို စတင်အသုံးပြုခဲ့ပါတယ်။ (ရှောလုဟာ သူ့ရဲ့ ဂျူးနာမည် ဖြစ်ပါတယ်)။

ပေါလုဟာ သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေရင်း မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခဲ့ပါတယ်။ တမန်တော်ဝတ္ထု (တမန်တော်ဝတ္ထု ၁၁း၂၅ - တမန်တော်ဝတ္ထု ၂၈) မှာ သူ့ခရီးသွားမှုတွေအကြောင်းကို ဖတ်ရှုနိုင်ပါတယ်။ သခင်ယေရှုအကြောင်း ဟောပြောပြီး သွန်သင်ဆုံးမမှုကြောင့် သူကိုယ်တိုင် နှိပ်စက်ညှဉ်းပန်းမှုများစွာ ခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သူဟာ ရောမမြို့မှာ ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ ပေါလုဟာ ထောင်ထဲကနေ ဥရောပတစ်ခွင်က ခရစ်ယာန်အသင်းတော်တွေထံ စာပေါင်းများစွာ ရေးသားခဲ့ပြီး အဲ့စာတွေကို ဓမ္မသစ်ကျမ်းထဲမှာ စုဆောင်းဖော်ပြထားပါတယ်။ ပေါလုရဲ့ ဘာသာကူးပြောင်းမှုကျေးဇူးကြောင့် ယေရှုရဲ့ နောက်လိုက်တွေကို သွန်သင်မှု၊ အားပေးမှု၊ မျှော်လင့်ချက်နှင့် အာမခံချက်ပေးတဲ့ ကျမ်းချက်ရှိရခြင်း ဖြစ်ပါတယ်။ ပေါလုရဲ့ စာတွေကို ဖတ်ရှုခြင်းဟာ ယေရှုရဲ့ နောက်လိုက်တစ်ဦးအဖြစ် ဘယ်လိုနေထိုင်ရမလဲဆိုတာကို လေ့လာခြင်းဖြစ်ပါတယ်။